International News

ဇူလိုင်လအတွင်း စင်ကာပူနိုင်ငံရှိလက်လီလုပ်ငန်းများ၏ ရောင်းရငွေတွင်အွန်လိုင်းဖြင့် ရောင်းရငွေ မှာ ၁၁ ရာခိုင်နှုန်းပါဝင်

Last Updated:

စင်ကာပူနိုင်ငံ၊ စာရင်းအင်းဦးစီးဌာနက ၄ - ၉ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စာရင်းအရ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် စင်ကာပူနိုင်ငံရှိ လက်လီလုပ်ငန်းများ၏ ရောင်းရငွေသည် စင်ကာပူဒေါ်လာ ၃.၃ ဘီလီယံရှိကြောင်းနှင့် အဆိုပါရောင်းရငွေများအနက် ၁၁ ရာခိုင်နှုန်းမှာ အွန်လိုင်းမှ တစ်ဆင့် ရောင်းရငွေဖြစ်ကြောင်း သိရှိရပါသည်။

ဇူလိုင်လအတွင်း လက်လီရောင်းရငွေသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ လက်လီလုပ်ငန်းများ အနက်မှ ရောင်းအားကျဆင်းမှု အဆိုးဆုံး ဖြစ်ပေါ်ခဲ့သောလုပ်ငန်းမှာ အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်းများဖြစ်ပြီး၊ Supermarkets နှင့် Hypermarkets တို့၏ ရောင်းရငွေမှာ ၂၈.၆ ရာခိုင်နှုန်းနှင့် ကွန်ပျူတာ/ဆက်သွယ်ရေးကိရိယာ ပစ္စည်းများရောင်းချသည့်လုပ်ငန်းများ၏ ရောင်းရငွေမှာ ၂၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်းများ၏ ရောင်းရငွေမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၅.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၆၆၅ သန်း ရောင်းချခဲ့ရပါသည်။ အဆိုပါရောင်းရငွေ၏ ၂၁.၁ ရာခိုင်နှုန်းမှာ အွန်လိုင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ လက်လီ လုပ်ငန်းများ၏ ရောင်းရငွေတွင် အွန်လိုင်းဖြင့်ရောင်းရငွေပါဝင်မှုအများဆုံးဖြစ်ပေါ်ခဲ့သော အခြား လုပ်ငန်းများမှာ ကွန်ပျူတာနှင့်ဆက်သွယ်ရေးကိရိယာပစ္စည်းများရောင်းချသည့်လုပ်ငန်း (၄၉.၁ ရာခိုင်နှုန်း)၊ ပရိဘောဂနှင့် အိမ်အသုံး အဆောင်ပစ္စည်းများရောင်းချသည့်လုပ်ငန်း (၂၁.၈ ရာခိုင်နှုန်း) နှင့် Supermarkets နှင့် Hypermarkets (၁၁.၄ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်းဖော်ပြ ထားပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)   

သတင်းရင်းမြစ် ။    ။ Department of Statistics, Singapore

Category: International News